ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းမှု စနစ် အပြီးတိုင် တော်လှန်ကြဖို့ ရွှေဝါရောင်ဆရာတော် မိန့်ကြား
ရေးသားခဲ့သည်။
မန္တလေးမြို့ မြတောင်ကျောင်းတိုက်ကို အာဏာသိမ်းစစ်ကောင်စီဘက်က ဝင်စီးခဲ့တဲ့ လုပ်ရပ်ကို ရွှေဝါရောင်သံဃကွန်ယက်က ကန့်ကွက်ရှုတ်ချလိုက်ပြီး ရဟန်းသံဃာတော်တွေကို ခြိမ်းခြောက်တာတွေ လုပ်လာရင် အာဏာသိမ်းစစ်ကောင်စီကို ပတ္တနိကုဇ္ဇန- သပိတ်မှောက်ကံ ဆောင်ရွက်မယ်လို့ ရွှေဝါရောင် သံဃကွန်ယက်က သတိပေးလိုက်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ ရွှေဝါရောင်သံဃ ကွန်ရက်က ဦးစန္ဒာသီရိ (ခေါ်) ဦးဇင်း ပုရစ်လည်း စနေညနေပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီဆန္ဒပြပွဲတွေမှာ သံဃာတပါးအနေနဲ့ သူပါဝင်ဖြစ်ခဲ့ပုံကို အဖမ်းမခံရခင်မှာ ဦးစန္ဒာသီရိကို ဘီဘီစီကနေ လျှောက်လဲမေးမြန်းထားပါတယ်။