ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မြစ်ကြီးနားနဲ့ ဖျာပုံမှာ လူသေဆုံးမှုတွေရှိ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့ဝင်တွေဘက်က အင်အားသုံး ဖြိုခွင်း ပစ်ခတ်တာတွေ တိုးမြင့်လုပ်ဆောင် နေပေမယ့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေကတော့ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ ၈ ရက်နေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ သပိတ်စစ်ကြောင်းတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး ဖြိုခွင်းမှုတွေ ဆက်ရှိခဲ့သလို မြစ်ကြီးနားနဲ့ ဖျာပုံမှာတော့ ဆန္ဒပြသမား ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။