ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ဏာသိမ်းမှုအပေါ် ရဲဘော် ဖိုးသံချောင်းရဲ့ သုံးသပ်ချက်
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အစိုးရ ဝန်ထမ်းတွေရဲ့ ပူးပေါင်း ပါဝင်မှု ပိုမိုအားကောင်းလာတာကြောင့် ဘယ်ဘက်ကမှ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ သုံးသပ်သူတချို့က ဆိုကြပါတယ်။
၈၈ လူထုအရေးတော်ပုံနဲ့ ဒီတခေါက် လူထုဆန္ဒပြပွဲတွေ ဘာတွေ ကွာခြားမှု ရှိပါသလဲ။
မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းခေါ် လူထုဖိုးသံကို ဘီဘီစီ သတင်းထောက် ကိုသိမ်းမြတ်က မေးမြန်းထားပါတယ်။