အာဏာသိမ်းအစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံတဝန်း ပေါ်ပေါက်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှာ အာဏာသိမ်း စစ်အစိုးရကို ပြည်သူ့ဝန်ထမ်းတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့ Civil Disobedience Campaign လှုပ်ရှားမှုတွေ ပိုမိုအရှိန်မြင့်လာပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အခုတော့ တခြားဝန်ကြီးဌာနအောက်က အစိုးရဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အာဏာသိမ်းအစိုးရကို ပြည်သူတွေဘက်က အကြမ်းမဖက်တဲ့နည်းနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။