ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်အာဏာသိမ်းမှုအကြောင်း ဘီဘီစီသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါပြီ။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ ထိန်းသိမ်းခံထားရပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူကာ အရေးပေါ်အခြေအနေကြေညာပြီး ၁/၂၀၂၁ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့ပါတယ်။
တစ်နှစ်အထိ ကြာမြင့်မယ့် စစ်တပ်အကြီးအကဲဦးဆောင်မယ့် အုပ်ချုပ်ရေးကာလဟာ ဒီကနေ့မှာစတင်အသက်ဝင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း စစ်တပ် အာဏာသိမ်းမှုတွေအကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို ကြည့်ကြရအောင်ပါ။