ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့တဲ့ ဝူဟန်မြို့အခြေအနေ

ရေးသားခဲ့သည်။

လွန်ခဲ့တဲ့ တစ်နှစ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး စတင်ပေါ်ပေါက်ချိန်မှာ ကမ္ဘာမှာ လော့ခ်ဒေါင်း ပိတ်ဆို့မှုတွေ စလုပ်ခဲ့ရတဲ့ မြို့ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ဖြစ်ပါတယ်။ မြို့တွင်းနဲ့ အနီးအနား ခရိုင်တွေမှာ နေထိုင်နဲ့ လူပေါင်း သန်း၆၀ နီးပါးဟာ နေထိုင်ရာ အိမ်တွေထဲမှာ လပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့မှာတော့ လောလောဆယ် အခြေအနေတွေက ပုံမှန်အတိုင်း ပြန်ဖြစ်လို့နေပါပြီ။ ဗိုင်းရပ်စ် ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်လို့လည်း တရုတ်တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ကိုဇေယျာက ပြောပြပေးမှာပါ။