ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှားမှာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
ရေးသားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် တရပ် စတင်နေပါပြီ။ တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးကို အသုံးပြုပြီး ထိုးနှံပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ တခြား ကမ္ဘာ့နိုင်ငံအများစုနဲ့ မတူတာက အင်ဒိုနီးရှားနိုင်ငံမှာ အသက်ကြီးရင့်သူတွေကို ပထမဆုံးအနေနဲ့ ထိုးပေးမှာ မဟုတ်ပဲ ကိုဗစ်အန္တရာယ်ကို ရှေ့တန်းကနေ ရင်ဆိုင်တိုက်ဖျက်နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အသက် ၁၈ နှစ်နဲ့ ၅၉ နှစ်ကြား လူတွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
အပြည့်အစုံကိုတော့ ကိုဇေယျာက ပြောပြပေးမှာပါ။