ဝါရှင်တန်ဒီစီမှာ အရေးပေါ်အခြေအနေကြေညာ

ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကက်ပီတယ်လ် စီးနင်းခံရမှု ဖြစ်ခဲ့တဲ့နောက်ပိုင်း ရိုက်ခတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်မှာ သမ္မတသစ် ဂျိုးဘိုင်ဒဲန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကျင်းပဖို့ ရှိတာကြောင့် အဲဒီကာလအတွင်း အရေးပေါ်အခြေအနေ ကြေညာဖို့ သမ္မတ ထရမ့်ကလည်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြည်ထောင်စု ထောက်လှမ်းရေးဌာန အက်ဖ်ဘီအိုင်ကလည်း ထရမ့်လိုလားသူ တွေနဲ့ လက်ယာယိမ်းအဖွဲ့တွေ ပိုလှုပ်ရှား လာနိုင်တယ်လို့ သတိပေးထားပြီး လုံခြုံရေးတွေ တိုးမြှင့်ထား ပါတယ်။

ဒီမိုကရက်တစ် ပါတီကလည်း မစ္စတာ ထရမ့်ကို ရာထူးကနေ ဖယ်ရှားရေးအတွက် ဒုသမ္မတက ပဲန့်စ်နဲ့ တနည်း တခါ စွပ်စွဲပစ်တင်နိုင်တဲ့ နည်းတွေ ၂ မျိုးစလုံးကို ကြိုးစားနေကြပါတယ်။

ကိုဘိုဘိုက ပြောပြမှာပါ။