ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် အနာဂတ် နိုင်ငံရေး
ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံမှာ လာမယ့် ၂ပတ်အတွင်းမှာ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ သမ္မတ ထရမ့်ကပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော် အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ခဲ့ကြတဲ့ ဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေကရော သမ္မတ ပြောတဲ့အတိုင်း လုပ်နိုင်ပါ့မလား။ ပြီးတော့ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြတဲ့ သန်းနဲ့ချီတဲ့ လူတွေက ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိနေတယ်လို့ မှားယွင်းစွာ ယုံကြည်နေကြတာဖြစ်ပါတယ်။ ဒီလူတွေကို နောင်တစ်ချိန်မှာ ဘယ်သူက ဦးဆောင်လာနိုင်မလဲ။ မသီဒါနွယ်က ဆက်ပြီးပြောပြပေးမှာပါ။