ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကန် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက် ဆန္ဒပြမှုတွေ ရှိ
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှာ သမ္မတထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေက ကန့်ကွက်နေကြတဲ့ ကြားမှာပဲ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တာကို တရားဝင် အတည်ပြုပေးဖို့ အတွက် နိုင်ငံရေး သမားတွေ တွေ့ဆုံကြဖို့ ရှိပါတယ်။ တချို့ ရီပတ်ပလစ်ကန်တွေကလည်း သမ္မတ ထရမ့်က ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲနိုင်ဖို့ ကြိုစားနေတဲ့ ကိစ္စအပေါ် ထောက်ခံသွားကြမယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်က တရားဝင် ကန့်ကွက်ဖို လုပ်နေပေမယ့် ဒီကိစ္စဟာလည်း အောင်မြင်မယ့်ပုံ မရပါဘူး။ အဲဒီက အခြေအနေတွေကို ကိုထွေးက ပြောပြမှာပါ။