ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လာမယ့် နှစ်အတွက် ကမ္ဘာ့ကျန်းမာရေး အလားအလာ
ရေးသားခဲ့သည်။
မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၀ ပြည့်နှစ်ဟာ သမိုင်းမှာတော့ ကမ္ဘာကြီး ဖျားနာတဲ့ နှစ်တနှစ်အဖြစ် မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်။
ဒီ ၂၀၂၀ ထဲမှာ ကမ္ဘာတဝန်း မကြုံဖူးလောက်အောင် ကိုဗစ် - 19 ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆေးရုံတွေနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ လူနာတွေ ပြည့်နေပုံတွေပဲ မြင်နေခဲ့ရပါတယ်။
အဲဒီ ကပ်ရောဂါနောက်မှာ ကပ်ပါလာတာက စိတ်ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ လာမယ့် နှစ် ၂၀၂၁ မှာရော ဘာတွေ ကြုံတွေ့လာရနိုင်သလဲ။ ဘီဘီစီ ကျန်းမာရေးဆိုင်ရာ သတင်းထောက် Smitha Mundesad ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။