ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယား ကိုဗစ်တတိယလှိုင်းကို ဘယ်လို ရင်ဆိုင်
ရေးသားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရဲ့ အဆိုးဆုံး ကာလတခုကို ရင်ဆိုင်ဖြတ်သန်း နေရပါတယ်။ တောင်ကိုရီးယား ဟာ ကိုဗစ်- ၁၉ ကူးစက်မှုတွေကို ကိုင်တွယ်ရာမှာ ပိုးရှိမရှိ စစ်ဆေးတာ၊ ပိုးတွေ့ လူနာတွေကို လိုက်လံ စောင့်ကြည့်တာမျိုးတွေ လုပ်ခဲ့လို့ ကူးစက်မှုတွေကို ထိန်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့စံတခုလို ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ဆောင်းရာသီနဲ့ အတူ ခေါင်းထောင်လာတဲ့ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။