ဟောင်ကောင်က တက်ကြွလှုပ်ရှားသူတွေကို အားမပေးဖို့ နိုင်ငံခြားအစိုးရတွေကို တရုတ် သတိပေး

ရေးသားခဲ့သည်။

ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဆယ်ဦးကို တရားရုံးထုတ်စဉ်မှာ အနောက်နိုင်ငံတချို့က သံတမန်တွေအနေနဲ့ တရားခွင်ထဲ လာရောက်ကြည့်ရှုခွင့်ကို တားမြစ်ခံလိုက်ရပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ ဟောင်ကောင်ကနေ speedboat နဲ့ ထွက်ပြေးဖို့ ကြိုးစားရင်း သြဂုတ်လအတွင်းမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဟောင်ကောင်က အမေရိကန် ကောင်စစ်ဝန်ရုံးထဲကို ထွက်ပြေးဖို့ ကြိုးစားတဲ့ ဆန္ဒပြလူငယ်အဖွဲ့တဖွဲ့နဲ့ ဘီဘီစီက တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် Danny Vincent သတင်းကို ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။