ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လာရောက်လေ့လာမှုတိုင်းကို လမ်းဖွင့်ပေးထားတယ်လို့ ဝူဟန်ဓာတ်ခွဲခန်းက သုတေသီ တုံ့ပြန်
တရုတ်နိုင်ငံ ဝူဟန်မြို့က ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် ထွက်ပေါ်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အဲဒီဓာတ်ခွဲခန်းကို ဦးဆောင်သူ တရုတ်သုတေသီတဦးက ဒီအယူအဆတွေကို ပယ်ဖျက်ဖို့အတွက် လာရောက်လေ့လာမှုတိုင်းကို သူ့အနေနဲ့ လမ်းဖွင့်ထားပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ရာ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကိုယ်စားပြု အဖွဲ့တဖွဲ့ လာမယ့်လမှာ ဝူဟန်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် သွင်ပြင်လက္ခဏာတွေအကြောင်း နှစ်နဲ့ချီကြာအောင် လေ့လာနေတဲ့ ရောဂါပိုးမွှားဗေဒပညာရှင် ရှီ ဂျန်လီက အခုလို ထုတ်ပြောခဲ့တာပါ။
ဘီဘီစီ သတင်းထောက် John Sudworth ဝူဟန်မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။