ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကပ်ကြီးအတွင်း သီလရှင်ဆရာလေးတွေရဲ့ အကျပ်အတည်း
ရေးသားခဲ့သည်။
ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်း အတွင်း ကိုကိုးကျွန်းကလွဲလို့ အိမ်တွင်းနေရေး ထုတ်ပြန်ထားတာ လချီ ကြာလာတာနဲ့ အမျှ လူမှု စီးပွား ထိခိုက် မှုတွေလည်း လူတန်းစား အသီးသီး မှာ ရင်ဆိုင်နေရပါတယ်။
ဒီထဲမှာ သာသနာ့ဝန်ထမ်းနေတဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ မယ်သီလရှင် ကျောင်းတွေမှာလည်း ထိခိုက်မှုတွေ ကြုံနေရပါတယ်။
ကိုဗစ်ကပ် အတွင်း သီလရှင် ဆရာကြီး ဆရာလေးတွေ ဘယ်လို သာသနာ့ဝန်ကို ထမ်းနေကြပါသလဲ။
ရန်ကုန်တိုင်းအတွင်း တွံတေးဘက်က ပရိယတ္တိစာသင်တိုက် မယ်သီလရှင်ဆရာလေးကျောင်းတကျောင်းကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ဘီဘီစီသတင်းထောက် မဝင်းစန္ဒာဦးက ပြောပြမှာပါ။