ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥက္ကာခဲကြီး မကျခဲ့ရင် ဒိုင်နိုဆောတွေ အသက်ဆက်ရှင်နိုင်မလား
ရေးသားခဲ့သည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းလောက်က ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တခု ဝင်တိုက်ခဲ့တဲ့အချိန်မှာ ဒိုင်နိုဆောကောင်ရေ တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီး မျိုးသုဉ်းပျောက်ကွယ်သွားကြတယ်လို့ ယူဆချက် ရှိပါတယ်။
ဒါပေမဲ့ အရင်က သိထားတာတွေဟာ မှားကောင်းမှားနိုင်ပါတယ်။
ဗြိတိန်မှာ လုပ်ခဲ့တဲ့ သုတေသနအဖွဲ့တခုကတော့ ကမ္ဘာကြီးကို အဲဒီဥက္ကာခဲကြီး ဝင်မတိုက်ခဲ့ဖူးဆိုရင် ဒိုင်နိုဆောတွေ ကမ္ဘာကို ဆက်လက်ကြီးစိုးကောင်း ကြီးစိုးထားနိုင်တယ်လို့ ဆိုပါတယ်။
ကိုထွေးက ဆက်ပြောပြမှာပါ။