ဖိလစ်ပိုင်မှာ လော့ခ်ဒေါင်းကာလ ကလေးမွေးဖွားနှုန်းများ

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ တင်းကျပ်တဲ့လော့ခ်ဒေါင်းကို ၉လတာချမှတ်ခဲ့ရပါတယ်။ အခုတော့ တင်းကျပ်မှုတွေ အရင်လောက် မရှိတော့ပေမယ့် လော့ခ်ဒေါင်းကာလအတွင်း ကလေးမွေးဖွားနှုန်းများလာတဲ့အတွက် ကလေးဦးရေ ၂သန်းလောက်ရှိလာနိုင်ပြီး ဒီနှစ်အတွင်း နိုင်ငံ့လူဦးရေ တိုးတက်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ တင်းကျပ်မှု ကာလအတွင်းမှာ သန္ဓေတားဆေးရယူဖို့ ခက်ခဲတဲ့အတွက် မရည်ရွယ်ဘဲရလာတဲ့ ကိုယ်ဝန်တွေများလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်ကချမှတ် လုပ်ဆောင်ခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်ကို ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ဆိုပါတယ်။ ကိုတင်အောင်ကျော်က ဆက်ပြီးပြောပြပေးမှာပါ။