ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အနာဂတ် အမေရိကန် ပုံရိပ် အပြောင်းအလဲရှိလာမလား
အမေရိကန် ပြည်ထောင်စုမှာ ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့အခါမှာ အမေရိကန်ရဲ့ ကမ္ဘာ့အလယ်က ပုံရိပ်က ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်မလဲ။ ဒါနဲ့ပတ်သက်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ အစိုးရသစ်အတွက် လူအခင်းအကျင်းပေါ်ကြည့်ပြီး မှန်းဆနေကြတာတွေ ရှိပါတယ်။
သူ့ရဲ့ ကာလရှည် မဟာမိတ်တယောက်ဖြစ်တဲ့ ပြင်သစ်မှာ ကြီးပြင်းပြီး ပြင်သစ်ဘာသာစကား ကျွမ်းကျင်တဲ့ အန်တိုနီ ဘလင်ကဲန်ဟာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာနိုင်ပါတယ်။ နောက် အရင် သမ္မတ အိုးဘားမား လက်ထက်မှာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဂျွန်ကယ်ရီကလည်း ရာသီဥတု ဆိုင်ရာ ဝန်ကြီးဖြစ်လာနိုင်ပါတယ်။
ဂျိုးဘိုင်ဒန်အစိုးရဟာ အမေရိကန် ပထမဆိုပြီး လုပ်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်အစိုးရလို မဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မဟာမိတ်ဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ ဆက်ဆံရေးကောင်းတွေ ပြန်တည်ဆောက်ဖို့ ရည်ရွယ်ထားဟန်လည်း ရှိနေပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။