ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်ဖက်ခြံမှသည် တက္ကသိုလ် ဆီသို့
ရေးသားခဲ့သည်။
သီရိလင်္ကာ နိုင်ငံဟာ ကမ္ဘာမှာ လက်ဖက်ခြောက်အများဆုံး တင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီက လက်ဖက်ခြံတွေမှာ အိန္ဒိယတောင်ပိုင်းက လာတဲ့ အမျိုးသမီးတွေက အလုပ်လုပ်ကြပါတယ်။ သူတို့တွေရဲ့ လုပ်ငန်းခွင်အခြေအနေကလည်း အများအားဖြင့် ဆင်းဆင်းရဲရဲ လုပ်ရလေ့ရှိပါတယ်။ အဲဒီ လက်ဖက်ခူး လုပ်သားအမျိုးသမီးတွေရဲ့ သားသမီးတွေဟာလည်း အဆင့်မြင့်ပညာသင်ကြားခွင့်တွေမှာ အကန့်အသတ်နဲ့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကန်ဒါလိုယာ တောင်တန်းဒေသမှာရှိတဲ့ လက်ဖက်ခြံက မိန်းခလေးငယ်တွေဟာ ပထမဆုံး တက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့ကြပါပြီ။ ဒီအကြောင်း ကိုတော့ ကိုဘိုဘိုက ပြောပြပေးမှာပါ။