ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယအထည်ချုပ်လုပ်ငန်းမှာ ခေါင်းပုံဖြတ်မှုတွေရှိ
အနောက်နိုင်ငံတွေက ဖက်ရှင်ကုမ္ပဏီတွေအတွက် အထည်တွေ ချုပ်ပေးတဲ့ အိန္ဒိယ အမျိုးသမီးတွေရဲ့ ဆိုးဝါးလှတဲ့ လုပ်ငန်းခွင်အခြေအနေအကြောင်း တွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ အခုလည်း ဒါမျိုးထပ်မြင်ရ ကြားရပြန်ပါပြီ။ ဖက်ရှင်ကုမ္ပဏီ Ralph Lauren အတွက် အထည်တွေ ချုပ်ပေးနေတဲ့ အထည်ချုပ်လုပ်ငန်းတခုမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဆိုးဝါးလှတဲ့ လုပ်ငန်းခွင်အခြေအနေကို ဘီဘီစီက စုံစမ်းခဲ့ပြီးနောက် ကုမ္ပဏီဘက်ကလည်း စုံစမ်း စစ်ဆေးမယ်လို့ ပြောပါတယ်။
အိန္ဒိယက အထည်ချုပ် လုပ်ငန်းတွေမှာ အလုပ်သမားတွေကို အိမ်သာတက်ဖို့တောင် အချိန်မပေးဘဲ အချိန်ပိုတွေကို အတင်းအကြပ်စေခိုင်းခံနေရတာကို ဘီဘီစီက စုံစမ်းတွေ့ရှိခဲ့ပြီးတဲ့နောက် အိန္ဒိယက ချုပ်လုပ်တဲ့ အထည်တွေကို ရောင်းချတဲ့ Tesco၊ Sainsbury နဲ့ Marks and Spencer တို့ကလည်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေကို ပြန်သုံးသပ်နေတယ်လို့ ပြောပါတယ်။ BBC တောင်အာရှ သတင်းထောက် Rajini Vaidyanathan သတင်းပေးပို့ထားတာကို မစန္ဒာက ပြောပြပေးမှာပါ။