ရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲကျင်းပ

ရေးသားခဲ့သည်။

ရွေးကောက်ပွဲကျင်းပပြီး ၃ရက် အကြာမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကိုဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက အများဆုံး အနိုင်ရခဲ့တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီလို သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်နေစဉ်မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးကို လာရောက် ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကိုယ်တိုင်သတင်းရယူခဲ့တဲ့ နေပြည်တော်က ဘီဘီစီသတင်းထောက် ကိုအောင်သူရက ပြောပြပေးမှာပါ။