ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ပြည်ခိုင်ဖြိုး တောင်းဆို

ရေးသားခဲ့သည်။

ဘက်လိုက်မှုကင်းပြီးတရားမျှတဲ့ရွေးကောက်ပွဲကို တပ်မတော်နဲ့ ပူးပေါင်းပြီး ပြန်ကျင်းပပေးဖို့ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။ ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် ရုံးခွဲမှာ ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တောင်းဆိုခဲ့တာပါ။ ဘာကြောင့် အခုလို တောင်းဆိုခဲ့တာပါလဲ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားပြီး သတင်းရယူခဲ့တဲ့ ဘီဘီစီသတင်းထောက် မညိုလဲ့ရီက ပြောပြပေးမှာပါ။