ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲ - မဲဘယ်လို ပေးရမလဲ
လာမယ့် ရွေးကောက်ပွဲကြီးမှာ မဲပေးချင်တယ်၊ ဒါပေမယ့် မဲဘယ်နှမဲပေးရမယ်၊ ဘယ်လို ပေးရမလဲဆိုတာ မသိသေးရင် ဒီဗီဒီယိုလေးမှာ ရှင်းပြထားပါတယ်။ မဲဘယ်လို ပေးရမလဲ၊ မဲပေးဖို့ ဘာတွေ လိုအပ်လဲ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို လူငယ် တေးသံရှင် မေလသံစဉ် ရဲ့ တင်ဆက်ပေးမှုနဲ့ အတူ ကြည့်ရအောင်ပါ။
ဘီဘီစီမြန်မာပိုင်းက ၂၀၂၀ ရွေးကောက်ပွဲ အကြောင်း ရှင်းပြချက်၊ မဲဆန္ဒရှင် လူထု ပညာပေး အစီအစဉ်တွေကို အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေက တဆင့် ပုံမှန် တင်ဆက် ပေးနေပါတယ်။
မဲပေးဖို့ လိုအပ်တာ အားလုံးကို တစ်နေရာတည်းမှာ ရှင်းပြထားတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ပါဦးနော်။
တင်ဆက် - မေလသံစဉ် ၊ ရိုက်ကူး/တည်းဖြတ် - ဝင်းကျော်သူ