ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမိုင်းဝင် စစ်ရေးပြ အခမ်းအနားကြီး လုပ်ဖို့ မြောက်ကိုရီးယားစီစဉ်
မြောက်ကိုရီးယား နိုင်ငံဟာ သမိုင်းမှာ အကြီးမားဆုံး စစ်ရေးပြ အခမ်းအနားကြီးကို ကျင်းပဖို့ပြင်ဆင်နေပါတယ်။ ဒီတစ်ပတ်မှာ ကျရောက်မယ့် မြောက်ကိုရီးယား အလုပ်သမား ပါတီ ၇၅ နှစ်မြောက်နေ့အတွက် ကြိုတင်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
စစ်ရေးပြ အခမ်းအနားဆိုတာက မြောက်ကိုရီးယားတို့အတွက် နိုင်ငံတကာက ပိတ်ဆို့မှုတွေကို အရေးမထားဘူး ဆိုတဲ့ သဘောနဲ့ ကျင်းပတဲ့ လူထု လှုံ့ဆော်ရေး အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
တခါ၂၀၁၉မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ နျူကလီးယား အရေးသဘောတူညီမှုမရခဲ့တာရယ်၊ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြောက်ကိုရီးယားအရေးကို ဘယ်သူမှ အလေးအနက် မရှိတော့တာရယ်ကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအတွက်ကတော့ ဒီနှစ်ဟာ အတော်ခက်ခဲတဲ့နှစ်လို့ဆိုရပါမယ်။ နိုင်ငံတွင်းမှာလည်း ရာသီဥတုဆိုးရွားမှုတွေကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးသွားလို့ အခက်အခဲကလည်း ကြုံနေရချိန်မှာ စစ်ရေးပြ အခမ်းအနားကို ဘယ်လိုကျင်းပမှာပါလဲ။ မရီရီအောင် ဆက်ပြောပြမှာပါ။