ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန် စကားစစ်ထိုးမယ်

ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှာ မကြာခင်ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲ အကြိုလက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ ရုပ်မြင်သံကြားပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် စကားစစ်ထိုးကြတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စကားစစ်ထိုးပွဲကို အိုဟိုင်းရိုး ပြည်နယ်က ကလိဗ်လဲန်းဒ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီလို စကားစစ်မထိုးခင်မှာဘဲ နယူးယောက်တိုင်းမ်စ် သတင်းစာက သမ္မတရဲ့ စီးပွားရေးလုပ်ငန်းမှာ အရှုံးပြတာတွေနဲ့ အခွန်ရှောင်တာတွေကို ဖွင့်ချခဲ့ပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။