အမေရိကန် ရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေ

ရေးသားခဲ့သည်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ချောချောမွေ့မွေ့နဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လိမ့်မယ် ဆိုပြီး ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင်တွေကတော့ အာမခံချက်ပေးနေကြပါပြီ။

ဒါပေမယ့် ရီပတ်ဘလီကန် ရဲ့ ကိုယ်စားလှယ်လောင်း လက်ရှိ သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အခုရွေးကောက်ပွဲဟာ စာတိုက်ကနေ မဲပေးသူတွေ များမယ် ဆိုတာကြောင့် သန့်ရှင်းတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုနေတာပါ။

ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ စာတိုက်ကနေ မဲထည့်ကြမယ့် POSTAL VOTE အစီအစဥ်ဟာ အမှားအယွင်း ရှိမှာ မဟုတ်ဘူး ဆိုပြီး ကတိပေး ပြောကြားထားကြပါတယ်။

လက်ရှိအချိန် ရွေးကောက်ပွဲ စစ်တမ်းတွေမှာတော့ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်က လက်ရှိ သမ္မတ ထက်ပိုပြီး ရေပန်းစားနေပါတယ်။ ရက်၄၀ လောက်ပဲ လိုတော့တဲ့ အမေရိကန် ရွေးကောက်ပွဲ အခြေအနေကို ကိုထက်အောင်က ပြောပြပေးမှာပါ။