ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် - 19 ကာကွယ်ဆေး ဆိုင်ရာ စာချုပ်မှာ ကန်နဲ့ တရုတ် လက်မှတ်မထိုး
ရေးသားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကိုဗစ်-19 အတွက် ကာကွယ်ဆေး ပေါ်လာတဲ့အခါမှာ ညီညီမျှမျှ ဖြန့်ဖြူးပေးနိုင်ဖို့ အတွက် ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကာကွယ်ဆေး ဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးလာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒဗလျူအိတ်ချ်အိုက ကိုဗက်စ် လို့ခေါ်တဲ့ အစီအစဉ်နဲ့ လာမယ့်နှစ်ကုန်မှာ ကာကွယ်ဆေး လုံးရေ သန်း ၂ ထောင်လောက် အသင့်ရှိနေဖို့ မျှော်လင့်ထားကြပါတယ်။ အဲဒီ အစီအစဉ်မှာ ၁၅၆ နိုင်ငံက လက်မှတ်ထိုးထားပြီး ဖြစ်ပေမယ့် အမေရိကန်နဲ့ တရုတ်တို့ကတော့ ပါဝင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ကိုထွေးက ပြောပြမှာပါ။