ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေကနေ ကာကွယ်ပေးဖို့ အမျိုးသမီးတွေ တောင်းဆို
ပါကစ္စတန် အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတယ်ဆိုတဲ့ သတင်းက နိုင်ငံတွင်းမှာ ထိပ်တန်း သတင်းတစ်ခုဖြစ်နေပါတယ်။
ဒါကလည်း အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ကလေးရှေ့မှာတင် အမျိုးသား နှစ်ယောက်က ကားပေါ်က ဆွဲချပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရလို့ပါပဲ။ ဒီလို အကြမ်းဖက် မုဒိမ်းကျင့်တဲ့ လူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးဖို့ နဲ့ အမျိုးသမီးတွေကို ပိုမို ကာကွယ်ပေးဖို့ ပါကစ္စတန် အမျိုးသမီးတွေက တောင်းဆိုနေကြတာပါ။
ဝန်ကြီးချုပ် ကတော့ အုပ်စုဖွဲ့ မုဒိမ်းကျင့် သူ ၂ဉီးကို သင်းကွပ်ပြစ်မယ် ဆိုပြီးတော့ ကြုံးဝါး ထားပါတယ်။ ဘီဘီစီ သတင်းထောက် ဆာဟာ ဘာလို့ခ်ျ ရဲ့ သတင်းကို မရီရီအောင်က ပြောပြ ပေးမှာပါ။