ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ သန်းရှိလာ
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅ သန်း ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အမေရိကန် ပြည်ထောင်စုပြီးရင် ဒုတိယ ကူးစက်မှု အများဆုံး နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် တခြားရောဂါ အခံရှိပြီးသူတွေနဲ့ ဆင်းရဲ နွမ်းပါးတဲ့ လူတွေမှာ ပိုပြီး ဆိုးကျိုးတွေ ကြုံနေရပါတယ်။ အိန္ဒိယက ဘီဘီစီ သတင်းထောက် ယိုဂီတာ လင်မရဲရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။