ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ရဲ့ အကြီးဆုံး တောမီးလောင်ကျွမ်းမှု
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် လူ တစ်သန်းကျော်ကို အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ ပြည်နယ်တွင်းမှာ နေထိုင်တဲ့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကျော်လေးပဲ ရှိပါသေးတယ်။ နိုင်ငံ အနောက်ဘက် ခြမ်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အနည်းဆုံး လူ၁၀ဦးလည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဒီတောမီးလောင်ကျွမ်းမှုဟာ တမင်ရည်ရွယ်တဲ့ ရှို့မီးကြောင့် ဖြစ်နိုင်တယ် ဆိုတဲ့ အတွက်ကြောင့် ရဲတွေကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ အဲဒီက အခြေအနေတွေကို ကိုမင်းထက်က ပြောပြပေးမှာပါ။