အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၄ သန်းကျော်လာ

ရေးသားခဲ့သည်။

အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၄ သန်းကျော်လာ

အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၀,၀၀၀ ကျော် တွေ့ခဲ့ရပါတယ်။

အဲဒါကြောင့် အခုဆိုရင် အိန္ဒိယမှာ ကူးစက်ခံရသူပေါင်း ၄.၂ သန်းရှိနေပြီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု နောက်မှာ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံလည်း ဖြစ်လာပါတယ်။

သေဆုံးသူပေါင်း ၇၁,၀၀၀ ကျော်နေပြီဖြစ်ပြီး ဘရာဇီးနဲ့အမေရိကန် ပြည်ထောင်စုနောက်မှာ တတိယအများဆုံး ဖြစ်ပါတယ်။

ကူးစက်ခံရသူတွေ များလာနေတာကြောင့် ဆရာဝန်တွေ ဆေးဝန်ထမ်းတွေမှာ မနိုင်မနင်း ဖြစ်လာနေပါတယ်။

မရီရီအောင်က ပြောပြမှာပါ။