ယီမင်က ကိုရိုနာဗိုင်းရပ်စ် အခြေအနေ

ရေးသားခဲ့သည်။

ယီမင်နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိခဲ့တာ ၆ လနီးပါး ရှိပြီ ဖြစ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဘယ်လို ရင်ဆိုင် ကိုင်တွယ်နေကြသလဲ ဆိုတာကို သိရဖို့ နိုင်ငံတကာ သတင်းဌာနတွေထဲက ပထမဆုံးအဖြစ် ဘီဘီစီဟာ ယီမင်ကို ရောက်သွားခဲ့ပါတယ်။ ယီမင်ဟာ မြောက်ပိုင်းက ဟူသီသူပုန်တွေနဲ့ တောင်ပိုင်းက နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ အစိုးရအကြား ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ အခုလို ကပ်ရောဂါကူးစက်မှုတွေ ဖြစ်နေချိန်မှာ ပြည်တွင်းစစ်ကလည်း ရပ်မသွားဘဲ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ အာရပ်ဘာသာ ဌာနက သတင်းထောက် နဝါးလ် အဲလ် မာဂ်ဟာဖီ ယီမင်မြောက်ပိုင်း ဆာနာက ပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြန်ပြောပြမှာပါ။