ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် ကူးစက်သူ တကျော့ပြန် မြင့်တက်လာတဲ့ ဆိုးလ်မြို့တော်မှာ လော့ခ်ဒေါင်းချတော့မလား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားနိုင်ခဲ့တဲ့အတွက် ချီးမွမ်းခံခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တကျော့ပြန် မြင့်တက်လာလို့ ဆိုးလ်မြို့တော် တမြို့လုံးကို လော့ခ်ဒေါင်းချလုနီး ကန့်သတ်ထားလိုက်ပါပြီ။
ဆိုးလ်မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ အချိန်ကာလတွေမှာ ပိတ်ဖို့ ညွှန်ကြားထားပြီး ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။
ဒေသခံ ၂၅ သန်းကျော်ကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။
ခရစ်ယာန်ဘုရားကျောင်းတချို့ရဲ့ အစွန်းရောက်တဲ့ ရပ်တည်ချက်တွေကြောင့် အခြေအနေ ပိုဆိုးလာခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အပြည့်အစုံကိုတော့ မရီရီအောင်က ပြောပြပေးမှာပါ။