ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဓိကရုဏ်းတွေဟာ ပြည်တွင်းအကြမ်းဖက်မှုလို့ ထရမ့်ပြော
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုက ဝစ္စကွန်ဆင်ပြည်နယ်မှာရှိတဲ့ ကဲန်နိုရှာ မြို့ငယ်လေးဟာ သမ္မတရွေးကောက်ပွဲ အကြိုကာလရဲ့ ပထမဆုံး အကြိတ်အနယ် ပြိုင်ဆိုင်ကြတဲ့ မြို့တခု ဖြစ်လာပါတယ်။ အဲဒီ အဓိကရုဏ်းတွေ ဖြစ်နေတဲ့ မြို့ကို အင်္ဂါနေ့က ရောက်လာခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့် က တရားဥပဒေ စိုးမိုးရေးရှိဖို့ လိုအပ်ကြောင်း တွေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် အဓိကရုဏ်းတွေ စခဲ့ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ ရဲရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ ဂျေကော့ဘ် ဘလိခ်ရဲ့ မိသားစုကတော့ သမ္မတဘက်က လေးစားမှု မပြသခဲ့ဘူးလို့ ပြောပါတယ်။
ကိုထွေးက ပြောပြမှာပါ။