အဓိကရုဏ်းကိစ္စ ထရမ့်နဲ့ ဘိုင်ဒန် အပြန်အလှန် စွပ်စွဲ

ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာ လူမည်း အမျိုးသား ဂျေကော့ဘ်ဘလိတ်ခ်ကို ရဲက ပစ်ခတ်မှုကြောင့် အဓိကရုဏ်းတွေ ဖြစ်နေတဲ့ ဝစ္စကွန်ဆင် ပြည်နယ်က ကနိုးရှား မြို့ကို သမ္မတထရမ့် ရောက်ရှိလာပါတယ်။

ဒါပေမယ့် မစ္စတာ ဘလိတ်ခ်ရဲ့ မိသားစုနဲ့တော့ တွေ့ဆုံမှာ မဟုတ်ပါဘူး။ မစ္စတာ ဘလိတ်ခ်ရဲ့ မိသားစုဘက်က ဒီလို တွေ့ဆုံတဲ့ အခါမှာ ရှေ့နေပါ ခေါ်ထားချင်ပြီး သမ္မတက ဒါမလိုအပ်ဘူး လို့ ဆိုခဲ့ပါတယ်။

မစ္စတာ ထရမ့် နဲ့ သူ့ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ အကြားမှာလည်း အမေရိကန်ပြည်ထောင်စုမှာ မကြာသေးခင်က စဖြစ်လာခဲ့တဲ့ အဓိကရုဏ်းတွေ၊ ရဲရဲ့ လုပ်ကိုင်ပုံတွေ၊ တရားစီရင်ရေးတွေနဲ့ ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဝေဖန် တိုက်ခိုက်ခဲ့ကြပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။