ရာသီဥတု ဒဏ်ခံနိုင်တဲ့ စပါး မျိုးစေ့တွေနဲ့ လယ်သမားတွေကို ကူညီနေသူ

ရေးသားခဲ့သည်။

အာရှမှာနေတဲ့ လူတွေအတွက်ကတော့ ဆန်စပါးဟာ မရှိမဖြစ်ပါ။ စပါး အမျိုးပေါင်း များစွာကိုလည်း စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ ဥတုရာသီ ပြောင်းလဲမှု၊ ဝယ်ယူ စားသုံးသူတွေရဲ့ အလေ့အထ ပြောင်းလဲမှုတွေကြောင့် သမားရိုးကျ နည်းလမ်းနဲ့ စိုက်ပျိုး ထုတ်လုပ်တဲ့ စပါး တွေက တဖြည်းဖြည်းနဲ့ လျော့နည်း လာကြပါတယ်။ အိန္ဒိယက မျိုးစပါး စုဆောင်သူများ အဖွဲ့က ဒါကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဆန်စပါး ရောင်းဝယ်ရေး နဲ့ စိုက်ပျိုး ရိတ်သိမ်းမှုတွေကို ထိန်းသိမ်းပြီး မျိုးစပ်စပါး စုဆောင်းသူ တစ်ယောက်ရဲ့ အကြောင်းကို ကြည့်ရအောင်ပါ။ ကိုသိမ်းမြတ်က ပြောပြပေးထားပါတယ်။