ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူက ပညာရေးထောက်ပံ့မှု အစီအစဉ်
ရေးသားခဲ့သည်။
လာမယ့်နှစ်က စလို့ စင်္ကာပူမှာ အလယ်တန်း ကျောင်းနေကလေးတိုင်းကို အစိုးရရဲ့ အစီအစဉ်နဲ့ ကွန်ပျူတာ တယောက်တလုံး ရနိုင်ဖို့ စီစဉ်နေကြပါတယ်။ ဒါဟာ လာမယ့် ၂၀၂၈ မှာ ဒစ်ဂျစ်တယ်ပညာရေးနဲ့ လူမှုလှုပ်ရှားမှုတွေ တိုးတက်ကောင်းမွန်လာစေရေး အစီအမံရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် 19 ကြောင့် အိမ်ကနေ ပညာသင်ယူရတာတွေ လုပ်ခဲ့တဲ့ နောက်မှာ နည်းပညာကို အပြည့်အဝ အသုံးမချနိုင်တဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေ ဘယ်လောက် ရှိနေတယ်ဆိုတာကို တွေ့လာရပါတယ်။
မသီဒါနွယ်က ပြောပြမှာပါ။