ဘေရွတ်ပေါက်ကွဲမှုကြောင့် ကလေးတွေမှာ စိတ်ဒဏ်ရာရနိုင်

ရေးသားခဲ့သည်။

ဘေရွတ်မြို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ ကလေးတွေမှာ ကြီးပြင်းလာတဲ့ အထိ အဲဒီ ဒဏ်တွေကို ခံစားနေကြရလိမ့်မယ်လို့ ဆရာဝန်တွေနဲ့ တခြားကျွမ်းကျင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ အဲဒီပေါက်ကွဲမှုကြောင့် ကလေးသူငယ်ပေါင်း ၈၀၀၀၀ လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။

ကလေးအတော်များများဟာလည်း ခုချိန်အထိ ထိတ်လန့် တုန်လှုပ်နေကြတုန်း ဖြစ်ပြီး သူတို့မှာ စိတ်ဒဏ်ရာတွေပါ ရသွားနိုင်သလို စိတ်ကျရောဂါမျိုးတွေကိုပါ ခံစားလာရနိုင်တဲ့ အကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

မသီဒါနွယ် က ပြောပြမှာပါ။