ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲ အစီအမံတွေ ဘိုင်ဒန် ပြောပြ
အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ အမှောင်ဘက်ခြမ်းကို ရောက်နေတဲ့ နိုင်ငံအတွက် တိုက်ပွဲ တစ်ခု ဖြစ်တယ်လို့ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန် က ပြောကြား လိုက်ပါတယ်။
ပါတီရဲ့ သမ္မတလောင်း အဖြစ် တရားဝင် ရွေးချယ်တင်မြှောက်မှုကိုလည်း သူက လက်ခံခဲ့ပြီး၊ နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဒေါ်နယ် ထရမ့်ကို ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိသမ္မတဟာ နိုင်ငံကို ဦးဆောင်မှု ပေးဖို့ မပြောနဲ့ အခြေခံအကျဆုံး တာဝန် ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကိုတောင်မှ ကာကွယ်မှု မပေးနိုင်ဘူးလို့လည်း သူက ဝေဖန် လိုက်ပါတယ်။ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဟာ ရွေးကောက်ပွဲအတွက် ဘယ်လို ပြင်ဆင် ထားပါသလဲ။ ကိုရင်မောင် က ဆက်ပြောပြပေးမှာပါ။