မျိုးဗီဇ ပြောင်းပြီး ကူးစစ်မြန် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိထား

ရေးသားခဲ့သည်။

သြဂုတ်လ ၂၁ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ အသစ် ၂၀ ယောက် တွေ့ရှိရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

စစ်တွေက ၁၉ ယောက် နဲ့ မြောက်ဦး က ၁ ယောက် ဖြစ်ပါတယ်။

ဒီကနေ့ မှာပဲ မြန်မာနိုင်ငံတွင်း ကူးစက်မြန်တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိထားတယ်လို့  မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနက ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇသစ်ဟာ D614 ကနေ G614 ကို မျိုးဗီဇပြောင်းသွားတာဖြစ်ပြီး။ ပြည်ပက ပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာအများစုမှာတွေ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဗိုင်းရပ်စ်မျိုးဗီဇသစ် ကြောင့် မြန်မာ ကိုရိုနာ ဒုတိယလှိုင်း ဖြစ်ပွားနိုင်တာကြောင့် အထူးသတိထားဖို့ကိုလည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

ဒီဗိုင်းရပ်စ်မျိုးဗီဇသစ်ရဲ့ သဘောသဘာဝက ဘယ်လိုရှိပါသလဲ။  ဘယ်လောက်ထိ အန္တရာယ်ကြီးပြီး ကူးစက်မှုမြန်ဆန်ပါသလဲ။  ဒီကနေ့သတင်းစာရှင်းလင်း ပွဲမှာ ဆေးသုတေသန ဦးစီးဌာနက ဒေါက်တာ မြတ်ထွဋ်ညွှန့် ရှင်းပြခဲ့တဲ့ အချက်တွေကို ကောက်နှုတ် တင်ပြလိုက်ရပါတယ်။