ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ နွယ်ဖွား ကာမာလာ ဟဲရစ် ရဲ့ နိုင်ငံရေး သြဇာ
အမေရိကန် အထက်လွှတ်တော်က တစ်ဉီးတည်းသော လူမည်းအမျိုးသမီး ကာမာလာ ဟဲရစ်ကို ဒီမိုရက်တစ် ပါတီရဲ့ ဒုတိယ သမ္မတလောင်း အဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီလို အတည်ပြုတဲ့ နေ့မှာပဲ လက်ရှိ အမေရိကန် သမ္မတဟာ နိုင်ငံကို ဉီးဆောင်ဖို့ ပျက်ကွက်ခဲ့သူ၊ ပြဿနာတွေကို ဖန်တီးခဲ့သူ၊ အရည်အချင်း မပြည့်မီသူ၊ စာနာစိတ် ကင်းမဲ့ သူ တစ်ယောက် ဖြစ်တယ်လိုလည်း ကာမာလာ ဟဲရစ် က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။
သမ္မတဟောင်း ဘားရက် အိုဘားမား ကလည်း အမေရိကန်ရဲ့ ဒီမိုကရေစီ စနစ်ဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အပေါ်မှာ မူတည်နေပြီး၊ လက်ရှိ သမ္မတဟာ အိမ်ဖြူတော်ကို တီဗီအစီအစဉ် တစ်ခုလို ဖန်တီးခဲ့တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။
သမ္မတ ထရမ့် ကတော့ သူရွေးကောက်တင်မြှောက်ခံရတာဟာ အရင် သမ္မတ အိုဘားမားရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖြစ်တယ်လို့ ပြန်လည် ချေပပြောဆိုခဲ့ပါတယ်။
တကယ်လို့ အခုနိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်သာ အနိုင်ရခဲ့မယ် ဆိုရင်တော့ အမေရိကန် သမိုင်းမှာ ပထမဆုံး အိန္ဒိယ နွယ်ဖွား အမျိုးသမီး ဒုတိယ သမ္မတ တစ်ယောက်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဂျမေကန် ဖခင်၊ အိန္ဒိယနွယ်ဖွား မိခင်တို့က မွေးဖွားလာတဲ့ ကာမာလာ ဟဲရစ် ရဲ့ အတွေးအခေါ်တွေက နိုင်ငံရေးမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘီဘီစီ သတင်းထောက် ရာဂျီနီ ဗီဒါနာသန်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။