ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မွန်ပြည်သစ်ပါတီ အားမရ
ရေးသားခဲ့သည်။
မွန်ပြည်သစ် ပါတီဟာ သူတို့ထိန်းချုပ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်း ဒေသတချို့ မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ရင် လုံခြုံရေးအရ သူတို့နဲ့ ညှိနှိုင်းဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၂၀၁၈ ခုနှစ်က မြန်မာအစိုးရနဲ့ နောက်ဆုံး NCA အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ကျေနပ်အားရမှု မရှိဘူးလို့ ပြောပါတယ်။
မွန်ပြည်သစ် ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလဲ့ ကို ဘီဘီစီ သတင်းထောက် မဝင်းစန္ဒာဦးက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။