ဘယ်လာရုစ်မှာ ၃ ညဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ပွား

ရေးသားခဲ့သည်။

ဘယ်လာရုစ်က မြို့တော် မင့်စ်ခ်မှာတော့ သမ္မတရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်ကြလို့ ဆန္ဒပြနေကြသူတွေနဲ့ လုံခြုံရေးတွေ အကြား တတိယမြောက် ညအဖြစ် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း ကြေညာခဲ့အပြီးမှာ တော်တော်များများက မဲလိမ်ခဲ့တယ်လို့ ယူဆခဲ့ကြပြီး အခုလို ဆန္ဒပြပွဲတွေ စခဲ့ကြတာဖြစ်ပါတယ်။

မင့်စ်ခ်က ဆန္ဒပြပွဲတွေကို လိုက်ပါသတင်းယူနေတဲ့ အဲဒီက သတင်းထောက် အဗ္ဗဒူဂျလီ အဘ်ဒူရာဆူလော့ဗ် ရဲ့ သတင်းကို ကိုသိမ်းမြတ်က ပြန်ပြောပြမှာပါ။