ဒီမိုကရက်တစ် ဒု-သမ္မတလောင်းအဖြစ် ကာမလာ ဟဲရစ် ရွေးချယ်ခံရ

ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာတော့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ သူနဲ့ အတူတွဲပြီး ဒုတိယ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် သူကို ရွေးချယ်လိုက်ပါတယ်။

တချိန်က သူ့ရဲ့ ပြိုင်ဘက်ဟောင်းလည်း ဖြစ်ခဲ့သူ ကယ်လီဖိုးနီးယားက ဆီးနိတ်လွှတ်တော်အမတ် ကာမလာ ဟဲရစ္စကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

မစ္စဟဲရစ္စဟာ ဒီလို အရေးကြီးတဲ့ သမ္မတအဆင့် ရွေးကောက်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အိန္ဒိယ ဂျမေကာ နွယ်ဖွား အမျိုးသမီးတယောက် ဖြစ်ပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။