ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပေါက်ကွဲမှုကြီးအပြီး လက်ဘနွန် အစိုးရ နုတ်ထွက်
ရေးသားခဲ့သည်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် လက်ဘနွန်အစိုးရ နုတ်ထွက်သွားပါတယ်။
ဝန်ကြီးချုပ် ဟာဆန်ဒီယက်ဘ်က ဒီမတော်တဆပေါက်ကွဲမှုဟာ အကျင့်ပျက်ခြစားမှု ရောဂါဆိုးကြီးရဲ့ ရလဒ်လို့ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
အစိုးရရဲ့ အကျပ်အတည်းဖြေရှင်းပုံကြောင့် စီးပွားရေးပြိုကျပြီး စားနပ်ရိက္ခာ ပြတ်တောက်လို့ ဒေါသထွက်နေကြတဲ့သူတွေဟာ ညဘက်အထိ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ဘေရွတ်မြို့တော်က ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ကွင်တင် ဆမ်းမားဗီးလ် ရဲ့ သတင်းကို ကိုထက်အောင်က ပြောပြမှာပါ။