လက်ဘနွန်မှာ အခြေအနေ ပိုဆိုးမလာစေဖို့ နိုင်ငံတကာ တိုက်တွန်း

ရေးသားခဲ့သည်။

လက်ဘနွန်နိုင်ငံက ဘေရွတ်မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီး အပြီးမှာ အခြေအနေတွေ ပိုဆိုးလာနိုင်တာကြောင့် လွှတ်ထားလို့ မဖြစ်ဘူးလို့ ပြင်သစ်သမ္မတ မက်ကရွန်းက ပြောလိုက်ပါတယ်။

သူက အမေရိကန်ပြည်ထောင်စုနဲ့ အတူ ပူးတွဲ ကျင်းပတဲ့ ဗာကျူရယ် အလှူရှင်များ ညီလာခံမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဘေရွတ်ဆိပ်ကမ်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၂၀ သေဆုံးပြီး ၇၀၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။

အဲဒီ နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘီဘီစီ ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက် ကွင်တင်ဆမ်းမားဗီးလ် ရဲ့ သတင်းကို ကိုသိန်းမြတ်က ပြောပြမှာပါ။