ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေး အတွက် သစ်ပင်စိုက်သူ
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးလုချိန်က ဂျပန်နိုင်ငံက ဟီရိုရှီးမား မြို့ကို အနုမြူဗုံး ကြဲချခံခဲ့ရတာဟာ ၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီ ဗုံးကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသလို မြို့ထဲက အဆောက်အအုံတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာလည်း ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီက တချို့ အပင်တွေ ရှင်ကျန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လှုပ်ရှားမှု အဖြစ် အဲဒီအပင်တွေက မျိုးစေ့တွေနဲ့ ကမ္ဘာအနှံ့မှာ စီမံကိန်းတခု အဖြစ် သစ်ပင်တွေ လိုက်လံ စိုက်ပျိုးတာတွေပါ လုပ်လာခဲ့ကြပါတယ်။ ဘီဘီစီက အဲဒီ စီမံကိန်းကို စတင်ခဲ့သူ တဦးနဲ့ ဟီရိုရှီးမားမြို့မှာ တွေ့ဆုံခဲ့တာကို ရှုစားရအောင်ပါ။