ရွေးကောက်ပွဲ ရွှေ့ဖို့ ပြောတဲ့ ထရမ့်ရဲ့ အကြံ လက်မခံ

ရေးသားခဲ့သည်။

လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပဖို့ ရက်သတ်မှတ်ထားတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဒေါ်နယ် ထရမ့် က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာကျတော့ ရွေးကောက်ပွဲကို နောက်ဆုတ်ပြီး မကျင်းပချင်ဘူးလို့ သမ္မတ ထရမ့်က ပြောဆို ခဲ့ပြန်ပါတယ်။ နောက်ပြီး အခုရွေးကောက်ပွဲဟာ စာတိုက်ကနေ တဆင့် မဲပေးကြမယ့် လူတွေ များလာတာကြောင့် ချွတ်ယွင်းချက်နဲ့ မမှန်မကန်မှုတွေ၊ မသမာမှုတွေ အများဆုံး ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမယ်ဆိုပြီး သူက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

သမ္မတရဲ့ ရီပက်ဘလီကန် ပါတီက ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံ ဒီမိုကရက်တွေကတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်သတ်မှတ်ချက်ဟာ ဥပဒေပြဌာန်းချက် ဖြစ်ပြီး မပြောင်းသင့်ဘူးလို့ ပြောဆိုနေကြပါတယ်။ အမေရိကန် ရွေးကောက်ပွဲအခြေအနေ အကြောင်းကိုတော့ ကိုမင်းထက်က ဆက်ပြောပြမှာပါ။