နီပေါ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အကြီးအကျယ်ရေကြီးနေ

ရေးသားခဲ့သည်။

တောင်အာရှ နိုင်ငံတွေမှာ မုတ်သုံရာသီ မိုးကြောင့် နှစ်ပေါင်းများစွာအတွင်းမှာ အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ရေကြီးမှုတွေကြောင့် လူ၃၀၀ကျော် သေဆုံးခဲ့ရပြီးပါပြီ။ ဒါ့အပြင် အဲဒီ ဒေသမှာ နောက်ထပ် မိုးရွာသွန်းမှုတွေ ဆက်ဖြစ်ပေါ်နေဦးမယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြန်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတဲ့ ဒီဒေသတွေမှာ ရေကြီးမှုဒုက္ခတွေကို ဆက်လက်ရင်ဆိုင်ရဦးမှာပါ။ ဘီဘီစီ သတင်းထောက် အန်ဘာရာဆန် အက်သီရာဂျန်ရဲ့ သတင်းပေးပို့မှုကို ကိုရင်မောင်က ပြောပြပေးမှာပါ။