ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် လော့ခ်ဒေါင်းကြောင့် လူနေမှုစနစ်ပြောင်းတဲ့ လန်ဒန်
ရေးသားခဲ့သည်။
လန်ဒန်မြို့ဟာ ဥရောပရဲ့ ဘဏ္ဍာရေး ဗဟိုချက် ဖြစ်သလို၊ ယဥ်ကျေးမှု အမွေအနှစ်အများအပြားရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ အရင်ကတော့ ဒီမြို့ကြီးဟာ မက်ထရိုပိုလီတန် မြို့ကြီးဖြစ်တာနဲ့ အညီ လူတွေ ပျားပန်းခပ်မျှ နေ့စဉ် လှုပ်ရှားသွားလာနေခဲ့ကြတာပါ။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် အပြောင်းလဲကြီးပြောင်းလဲခဲ့ပါပြီ။ ကိုရိုနာ ကပ်ဘေးကြောင့် လန်ဒန် မြို့ရဲ့ ပြောင်းလဲမှု အခြေအနေက နောင်လာမယ့် နှစ်တွေမှာရော ဆက်ရှိနေဉီးမှာလား။ ကိုမင်းထက်က ပြောပြ ပေးမှာပါ။